နိုင်ငံတကာ မီဒီယာကွန်ဖရင့်ကို မတက်ရောက်ဘဲ သပိတ်မှောက်မှု မေးမြန်းချက်
ဒီလအတွင်းဖြစ်ပွားခဲ့တဲ့ အလုပ်သမားနဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လက်ပံတန်းမြို့က ကျောင်းသားသပိတ်ဖြို ခွဲမှုတွေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေကို လက်ပတ်နီပတ် အရပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
-
2015-03-24 -
-
-
Your browser doesn’t support HTML5 audio
ဒီလအတွင်းဖြစ်ပွားခဲ့တဲ့ အလုပ်သမားနဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လက်ပံတန်းမြို့က ကျောင်းသားသပိတ်ဖြို ခွဲမှုတွေမှာ သတင်းသွားယူတဲ့ သတင်းထောက်တွေကို လက်ပတ်နီပတ် အရပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထိုးကြိတ်၊ ရိုက်နှက်ဖမ်းဆီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလုပ်ရပ်တွေကို သတင်းသမားတွေအနေနဲ့ လက်သင့်မခံနိုင်တဲ့အတွက် မတ်လ ၂၇ မှ ၂၉ ရက်နေ့ထိ ရန်ကုန်မြို့မှာကျင်းပမယ့် နိုင်ငံတကာမီဒီယာကွန်ဖရင့်ကို ပြည်တွင်းသတင်းထောက်တွေ မတက်ရောက်ဘဲ သပိတ်မှောက်ဖို့၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ သတင်းတွေကို သတင်းစာ၊ ဂျာနယ်နဲ့ အွန်လိုင်းသတင်းဌာနတွေမှာ ၃ ရက်တာ မဖေါ်ပြမယ့်လှုပ်ရှားမှုတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။ အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဂျာနယ်လစ်ကွန်ရက်က ဦးမြင့်ကျော်ကို မခက်မာက ဆက်သွယ်မေးမြန်းထားပါတယ်။