မစ္စ ရန်ဟီးလီ ခရီးစဉ် ရခိုင်ဝန်ကြီးချုပ်နဲ့ ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms.Yanghee Lee ဟာ မနက်ဖန် ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ Ms.Yanghee Lee ဟာ မနက်ဖန် ရခိုင်ပြည်နယ်ကို ၂ ရက်ကြာ သွားရောက်မှာ ဖြစ်ပါတယ်၊ သူရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ တိုက်တွန်းထားတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောဆိုဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက RFA ကို ပြောပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org