မြန်မာစည်သူကုမ္ပဏီနဲ့ ဒေသခံရွှေလုပ်သားတွေ ပဋိပက္ခဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာက ဒေသခံရွှေလုပ်သား တွေနဲ့ မြန်မာစည်သူ ကုမ္ပဏီတို့ကြား ပဋိပက္ခဖြစ်ပွားရာမှာ လုံခြုံရေးရယူ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
-
2015-07-08 -
-
-
Your browser doesn’t support HTML5 audio
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာက ဒေသခံရွှေလုပ်သား တွေနဲ့ မြန်မာစည်သူ ကုမ္ပဏီတို့ကြား ပဋိပက္ခဖြစ်ပွားရာမှာ လုံခြုံရေးရယူ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ တပ်မတော်သားတွေနဲ့ ဒေသခံတွေ အပြန်အလှန် ပစ်ခတ်မှုတွေရှိပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
နေလည်ပိုင်းမှာ ဒေသခံအင်အား ၃၀၀လောက်က မြန်မာစည်သူကုမ္ပဏီကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရေထွက်ကျေးရွာသား ကိုစိုင်းဖိုးလင်းက ပြောပါတယ်။
ကိုစိုင်းဖိုးလင်းကို RFA သတင်းထောက် မဝေမာထွန်း ကဆက်သွယ်မေးမြန်း ထားပါတယ်။