အောက်လမ်းကပြန်တဲ့ မြန်မာအလုပ်သားတွေ မလေးရှားမှာ အဖမ်းခံရ
2018.04.10
မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲရက်နီးလာတာကြောင့် နယ်စပ်ဂိတ်တွေမှာ တရားမဝင်သွားလာနေသူတွေကို ဖမ်းဆီးမှု စိပ်နေတာကြောင့် ဒီဧပြီလထဲမှာတင် မြန်မာအလုပ်သမား အယောက် ၁၀၀ လောက် အဖမ်းခံထားရတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဦးသီဟမောင်မောင် က ပြောပါတယ်။
ဦးသီဟမောင်မောင်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။