မြန်မာရောက် ထိုင်းအလုပ် သမားများ ဖမ်းဆီးခံရ

ဇွန်လ ၁ ရက် နေ့ကနေ မနက်ဖြန်ဇွန်လ ၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ တာ့ခ် ခရိုင်အ တွင်းက စက်ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေး လုပ်ငန်း ခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့အလုပ်သမားနဲ့ ကလေးအလုပ် သမားတွေကို စီမံချက်အရဖမ်းဆီးမှုတွေ ဆောင် ရွက်နေပါတယ်။

ဇွန်လ ၁ ရက် နေ့ကနေ မနက်ဖြန်ဇွန်လ ၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ မဲဆောက်ဒေသ၊ တာ့ခ်ခရိုင်အတွင်းက စက် ရုံတွေ၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း ခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ အထောက်အထားမဲ့အလုပ်သမား နဲ့ ကလေးအလုပ်သမားတွေကို စီမံချက်အရဖမ်းဆီးမှုတွေ ဆောင်ရွက်နေ ပါတယ်။

ဇွန်လ ၁ ရက်နေ့ကစတင်ပြီး ဒီနေ့အထိ ဖမ်းဆီးရာမှာ မြန်မာနိုင်ငံသား ကလေးလုပ်သား ၁၈ ဦးနဲ့ အထောက် အထားမဲ့ မြန်မာအလုပ်သမား ၄၀၀နီးပါး ဖမ်းဆီးခံထားရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org