မြေပုံ ဒုက္ခသည်တွေ နေရာချထားရေး ဆွေးနွေး
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း က မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်နေရာချ ထားရေးနဲ့ ပတ်သက်ပြီး ရခိုင်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
-
2018-02-18 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းက မွတ်စလင် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ရခိုင်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့မှာ ဒုက္ခသည်စခန်း စီမံခန့်ခွဲရေး ကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစိုးရဘက်က လက်ရှိ ဒုက္ခသည်စခန်း ဝန်းကျင်မှာ ပြန်လည်နေရာချထားပေးမယ်လို့ လျာထားပေမယ့် ဒုက္ခသည်တွေဘက်ကတော့ မြေပုံမြို့ တောင်ပေါ်ရပ်ကွက်မှာ နေရာချထားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဒုက္ခသည်စခန်း စီမံခန့်ခွဲရေးကော်မတီရဲ့ ဒုတိယဥက္ကဌ ဦးအောင်ကျော်ထွန်း က ပြောပါတယ်။
ဦးအောင်ကျော်ထွန်း ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။