ရွေးကောက်ပွဲကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မထိခိုက်ဖို့ အပစ်ရပ်အဖွဲ့တွေ မျှော်လင့်
ရွေးကောက်ပွဲ မတိုင်ခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ အပစ်ရပ်လက်မှတ်ရေးထိုးမယ့်အဖွဲ့တွေ ထပ်တိုးလာဖို့ မျှော်လင့်လို့မရဘူးလို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက ပြောပါတယ်။
-
ဝေမာထွန်း
2020-06-12 -
-
-
NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်း ကို တွေ့ရစဉ်
Photo: Nay Myo Htun/RFA
ရွေးကောက်ပွဲ မတိုင်ခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ်မှာ အပစ်ရပ်လက်မှတ်ရေးထိုး မယ့်အဖွဲ့တွေ ထပ်တိုးလာဖို့ မျှော်လင့်လို့မရဘူးလို့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၊ ညှိနှိုင်းရေးမှူး ရဲဘော်မျိုးဝင်းက ပြောပါတယ်။
တပ်မတော်နဲ့ အစိုးရကြား ပွတ်တိုက်မှုတွေကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ မထိခိုက်ဖို့သာ မျှော်လင့်နေကြ ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ရဲဘော်မျိုးဝင်း ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။