ဘာသာရေးအရအထင်မှားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်အသိပေးပုံအတွက် တောင်းပန်

မြစ်ကြီးနားမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အသိပညာပေးပန်းချီတွေ လမ်းဘေးနံရံတွေမှာ ရေးဆွဲရာကနေ အရောင်သုံးစွဲမှုကြောင့် ဘာသာရေးဆိုင်ရာထိခိုက်မှုဆန်သွားပြီး ပန်းချီဆွဲတဲ့ လူငယ်တွေတရားစွဲခံနေရပါတယ်။

ကချင်မြေသုတေသီအဖွဲ့ ခေါင်းဆောင် နော်ထွန်းအောင်ကို တွေ့ရစဉ်

မြစ်ကြီးနားမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်အသိပညာပေးပန်းချီတွေ လမ်းဘေးနံရံတွေမှာ ရေးဆွဲရာကနေ အရောင်သုံးစွဲမှုကြောင့် ဘာသာရေးဆိုင်ရာထိခိုက်မှုဆန်သွားပြီး ပန်းချီဆွဲတဲ့ လူငယ်တွေတရားစွဲခံနေရပါတယ်။

အဲဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ကချင်မြေသုတေသီအဖွဲ့ ခေါင်းဆောင် နော်ထွန်းအောင်က သူတို့အနေနဲ့ ကပ်ရောဂါအသိပေးရည်ရွယ်ချက်နဲ့သာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ အခုလို ထင်မြင်ယူဆသွားတာကို စိတ်မကောင်းဖြစ်ပြီး တောင်းပန်တယ်လို့ပြောပါတယ်။

နော်ထွန်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org