နေပြည်တော်ပစ်ခတ်မှုမှာ ဦးခေါင်းကိုထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အခြေအနေ

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ စိုးရိမ်ရတဲ့လူနာအဖြစ်နဲ့ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်တဦးက RFA ကို အတည်ပြု ပြောပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်။ Photo: Mya Thawet Thawet Khaing/Facebook

ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဟာ လက်ရှိအချိန်ထိ စိုးရိမ်ရတဲ့လူနာအဖြစ်နဲ့ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်တဦးက RFA ကို ၉ ရက်နေ့ညပိုင်းမှာ အတည်ပြု ပြောပါတယ်။

ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်း နှိမ်နင်းရာမှာသုံးတဲ့ ရော်ဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ်ဖြစ်တယ်လို့ ဆိုပါတယ်။

နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်ကို RFA ဝိုင်းတော်သား စောဖိုးခွားက ဖေဖော်ဝါရီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီလောက်က သီးသန့်ဆက်သွယ်မေးမြန်းထားချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org