ရေကြီးလို့ စားဝတ်နေရေးအခက်အခဲဖြစ်သူတွေကို ကူညီမယ်လို့ NUG ပြော

ဒီလိုအခက်အခဲ ဖြစ်တဲ့သူတွေရဲ့ စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပေးပို့မယ်ဆိုရင် အကူအညီပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ NUG ရဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

၂ဝ၂၂ ခုနှစ် မေလ ၂၁ ရက်နေ့က ကရင်ပြည်နယ်တွင် ရေဘေးလွတ်ရာနေရာတစ်ခုတွင် ရှောင်တိမ်းနေသည့် စစ်ဘေးဒုက္ခသည်တစ်ဦး။ Photo: KIC

အခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ် တွေက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရာ ယာယီတဲတွေ ရေထဲမျောပါပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

ဒီလိုအခက်အခဲ ဖြစ်တဲ့သူတွေရဲ့ စာရင်းကို အမျိုးသားညီညွတ်ရေးအစိုးရထံ ပေးပို့မယ် ဆိုရင် အကူအညီပေးနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ NUG ရဲ့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org