အမေရိကန်လက်ဝယ်ရှိ ဒေါ်လာ သန်း တထောင် ပြန်လည်ရရှိရေး NUG ကြိုးပမ်း
စစ်ကောင်စီက တရားမဝင် ငွေစက္ကူတွေ ရိုက်နှိပ်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ချဉ်းကပ်နေတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အဲဒီ ပြည်ပကုမ္ပဏီတွေကို သြဂုတ်လ ၂၇ ရက်နေ့က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
- 2021-08-28
-
-
-
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
စစ်ကောင်စီက တရားမဝင် ငွေစက္ကူတွေ ရိုက်နှိပ်ဖို့ နိုင်ငံခြားကုမ္ပဏီတွေကို ချဉ်းကပ်နေတဲ့အတွက် အမျိုး သားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက အဲဒီ ပြည်ပကုမ္ပဏီတွေကို သြဂုတ်လ ၂၇ ရက်နေ့က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။ ဒီသတိပေးချက်အပြင် လက်ရှိ NUG အစိုးရ လုပ်ဆောင်နေတဲ့ အမေရိကန်ပြည်ထောင်စု အစိုးရလက်ဝယ်ရှိ မြန်မာနိုင်ငံပိုင် ဒေါ်လာ သန်း ၁ဝဝဝ ပြန်လည်ရရှိရေး ကြိုးပမ်းမှုအပါအဝင် ဘဏ္ဍာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး NUG စီမံ ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။