လွတ်လပ်စွာ သွားလာခွင့်မရလို့ ရိုဟင်ဂျာရာနဲ့ချီ သေဆုံးခဲ့ကြောင်း NUG ပြော
စစ်တွေက ရိုဟင်ဂျာဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာဟာ စခန်းတွေကို ထိန်းချုပ်ထားပြီး လွတ်လွတ်လပ်လပ်သွားလာခွင့် မပေးတာကြောင့်လို့ NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-05-16 -
-
-
မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘာဆာရာဒုက္ခသည်စခန်းမှ ရိုဟင်ဂျာတစ်ဦး၏ ရုပ်အလောင်းအား ၂ဝ၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က သယ်ဆောင်လာစဉ်။
AFP
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတာဟာ တရားမျှတမှုမရှိဘဲ စခန်းတွေကို ထိန်းချုပ်ထားပြီး လွတ်လွတ်လပ်လပ်သွားလာခွင့် မပေးတာကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
NUG က မေလ ၁၆ ရက်နေ့အထိ ကောက်ယူထားတဲ့စာရင်းအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၃၅ ဦးရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာ ၄ဝဝ ကျော် ပါဝင်တယ်လို့ပြောပါတယ်။
ဒေါက်တာဝင်းမြတ်အေးကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။