စပါးတင်း ၁၀၀ ကို ကျပ် ၅သိန်း သတ်မှတ်မှု မေးမြန်းချက်
ဆန်စက်နဲ့ စပါးကုန်သည်တွေ၊ အကျိုးဆောင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅သိန်းဈေးနှုန်း အခြေခံပြီး ဝယ်ယူဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2018-03-06 -
-
-
Your browser doesn’t support HTML5 audio
ဆန်စက်နဲ့ စပါးကုန်သည်တွေ၊ အကျိုးဆောင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ စပါးတင်း ၁၀၀ ကို ငွေကျပ် ၅သိန်းဈေးနှုန်း အခြေခံပြီး ဝယ်ယူဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
လက်ရှိမှာ စပါးဈေးနှုန်းက ငွေကျပ် ၆သိန်းဈေးရှိနေတဲ့အတွက် အခုလိုအခြေခံဈေး သတ်မှတ်လိုက်တာဟာ လယ်သမားတွေအတွက် ထူးခြားတဲ့ပြောင်းလဲမှုမဟုတ်ကြောင်း လွတ်လပ်သော တောင်သူလယ်သမားများ အသင်းချုပ်ဥက္ကဌ ဦးသိန်းအောင် က ပြောပါတယ်။
ဦးသိန်းအောင်ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။