ဒေါင်းမျိုးဆက် သံချပ်အဖွဲ့ကို မေးမြန်းချက်

ဒီကနေ့ ဧပြီလ ၁၂ရက် သြင်္ကန်ရုံးပိတ်ရက်များစတင်တဲ့ နေ့မှာ ရန်ကုန်မန္တလေးနဲ့ မြို့ကြီးများမှာ သံချပ်အဖွဲ့ အချို့စတင်ဖြေဖျော် ကြပါတယ်။

ဒီကနေ့ ဧပြီလ ၁၂ရက် သြင်္ကန်ရုံးပိတ်ရက်များစတင်တဲ့ နေ့မှာ  ရန်ကုန်မန္တလေးနဲ့ မြို့ကြီးများမှာ  သံချပ်အဖွဲ့ အချို့စတင်ဖြေဖျော်ကြပါတယ်။

ကျောင်းသားသမဂ္ဂကျောင်းသားတွေဖွဲ့စည်းထားတဲ့ ဒေါင်းမျိုးဆက်  အဖွဲ့ဟာလည်း မှော်ဘီမြို့ ရွှေညဝါဆရာတော်ရဲ့ ကျောင်းမှာ ပထမဆုံးဖြေဖျော်ခဲ့ပြီးနောက်  ပဲခူးမြို့မှာ ဆက်လက်ဖြေဖျော်ပါတယ်။ ဒေါင်းမျိုးဆက်အဖွဲ့က အခုနှစ်သူတို့ဖြတ်သန်းခဲ့ရတဲ့ ပညာရေးလွတ်လပ်မူအတွက် ဆောင်ရွက်ခဲ့စဉ်ကြုံတွေ့ခဲ့ရတာတွေ ကို သံချပ်များနဲ့ တင်ပြထားတယ်လို့ ဆိုပါတယ်။ ဒေါင်းမျိုးဆက်အဖွဲ့ ခေါင်းဆောင် ကိုဇေယျာလွင်ကို ပဲခူးမြို့ ရွှေသာလျောင်းဘုရားရှေ့မှာ ဖြေဖျော်ပွဲမစခင် ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org