ပီနန်ဆရာတော် ပျံလွန်တော်မူ
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
-
2017-11-24 -
-
-
Your browser doesn’t support HTML5 audio
ရွှေဝါရောင်သံဃာ့အရေးအခင်းမှာ ပြည်ပကနေ ဦးဆောင်မှုပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်း တည်ထောင်သူ ပီနန်ဆရာတော် ဦပညာဝံသဟာ ဒီကနေ့မနက် ၅ နာရီကျော်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ကြီး မပျံလွန်ခင်က မဟာသန္တိသုခကျောင်းတိုက်ကိစ္စကို တရားဥပဒေနဲ့အညီ ဆက်ပြီးဆောင်ရွက်ဖို့ တပည့်သံဃာတော်တွေကို အဖွဲ့ ဖွဲ့ပေးခဲ့တယ်လို့ ပီနန်ဆရာတော်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်ခဲ့တဲ့ ဆရာတော် ဦးဇာဂရဗုဒ္ဓိ က မိန့်ကြားပါတယ်။
ဆရာတော် ဦးဇာဂရဗုဒ္ဓိ ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။