ကျောက်မျက်ကုမ္ပဏီ မီးလောင်မှု မေးမြန်းချက်


2018.05.15

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဝါကျဲမှော်က တောက်ပကြယ်ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေအကြား မေလ ၁၃ ရက် မနေ့က အလုပ်စောဆင်းခိုင်းရာကနေ လစာကိစ္စ အချေအတင်ဖြစ်ပြီး မကျေနပ်တဲ့ ဝန်ထမ်းတချို့က အဆောက်အဦနဲ့ ယန္တရားတချို့ကို ည ၇ နာရီလောက်မှာ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

အဆောက်အဦ မီးလောင်သွားတာကြောင့် နေစရာမရှိတော့တဲ့ အဲဒီကုမ္ပဏီက ဝန်ထမ်း အယောက် ၂ ထောင်ကျော်ဟာ ဆန်ခါရွာ ဘုန်းတော်ကြီးမှာ ယာယီခိုလှုံနေကြပါတယ်။

ဆန်ခါရွာက ဦးတင်လှိုင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဒီကနေ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။