ဖားကန့်မှာ ရေရှားပါး
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးပြီး နွေဦးရာသီ အခုကာလကစလို့ သောက်သုံးရေတွေ ရှားပါးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
-
2018-02-19 -
-
-
Your browser doesn’t support HTML5 audio
ကမ္ဘာ့အဖိုးတန် ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုကြောင့် ရေအရင်းအမြစ်တွေ ဆုံးရှုံးပြီး နွေဦးရာသီ အခုကာလကစလို့ သောက်သုံးရေတွေ ရှားပါးနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရရဲ့ ကြီးကြပ်မှုနဲ့ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေက ဖားကန့် ကျောက်စိမ်းတွင်းနယ်မြေမှာ အခမဲ့ ရေပေးဝေရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း လုံးခင်းအုပ်စု၊ ဆန်ခါရွာက ဦးတင်လှိုင်က ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေရှားပါးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးတင်လှိုင် ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။