လူထုကိုလက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းတာတွေကို ရှုတ်ချတယ်လို့ PNLO ပြော

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းနိုင်ဖို့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ထပ်မံကျင်းပဖို့ ပြင်ဆင်နေပါတယ်။

PNLO ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကို တွေ့ရစဉ် Photo: RFA
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ၊ သွေးထွက်သံယိုမှုတွေကို ဖြေရှင်းနိုင်ဖို့ NCA အပစ်ရပ် လက်မှတ်ထိုးထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အထူးအစည်းအဝေးကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ထပ်မံကျင်းပဖို့ ပြင်ဆင်နေပါတယ်။
 
PPST အဖွဲ့ဝင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပစေလိုပြီး ထိရောက်တဲ့ ဆောင်ရွက်ချက်တွေ ချမှတ်နိုင်ဖို့ တောင်းဆိုလိုကြောင်း ပြောပါတယ်။
 
စစ်ကောင်စီ တာဝန်ရှိသူတွေ အနေနဲ့ လူထုကို လက်နက်နဲ့ အကြမ်းဖက်ဖြိုခွင်းတာတွေကို ဆန့်ကျင် ရှုတ်ချတယ်လို့ PNLO ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။ 
 
နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
 
စစ်တပ်က အာဏာသိမ်းလိုက်တာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCAကို ချိုးဖောက်တာဖြစ်ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို အချိန်ကာလ ကန့်သတ်ချက်မရှိ ရပ်ဆိုင်းထားမယ်လို့ PPST ရဲ့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org