ထွေအုပ်နဲ့ ရဲတပ်ဖွဲ့တွေကို အရပ်ဘက်အုပ်ချုပ်ရေးအောက်ကိုပြောင်း
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့ကို ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။
-
2016-08-28 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနဲ့ မီးသတ်ဦးစီးဌာနတို့ကို ပြည်နယ်နဲ့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေရဲ့လက်မှတ်နဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေထံ အကြောင်းကြားစာ ပေးပို့ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။
စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။