နေရပ်ပြန်မယ့် ရွာသားတွေ မိုင်းအန္တရာယ် စိုးရိမ်ရ
ပြီးခဲ့တဲ့ မတ်လက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေဟာ သီပေါ မြို့နယ်အတွင်းက မန်လွယ်၊ အုံမုနဲ့ ထန်စန့်ကျေးရွာတွေကို ရောက်လာတဲ့အတွက် အဲဒီရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
-
2018-04-08 -
-
-
Your browser doesn’t support HTML5 audio
ပြီးခဲ့တဲ့ မတ်လက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေဟာ သီပေါ မြို့နယ်အတွင်းက မန်လွယ်၊ အုံမုနဲ့ ထန်စန့်ကျေးရွာတွေကို ရောက်လာတဲ့အတွက် အဲဒီရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိအချိန်ဟာ လက်ဖက်ခူးချိန်ဖြစ်တဲ့အတွက် ရွာသားတွေက နေရပ်ပြန်လိုနေကြပေမယ့် တဖက်မှာ မိုင်း အန္တရာယ်စိုးရိမ်ရမှုတွေ ရှိနေပါတယ်။
ဒေသခံတွေ နေရပ်ပြန်ဖို့ အခက်အခဲရှိနေတာတွေနဲ့ ပတ်သက်ပြီး RCSS ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး စိုင်းဦး ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။