ဒုက္ခသည် နေရာချထားပေးရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ မေးမြန်းချက်
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနက်ဖြန် မောင်တောမြို့နယ်ကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်ဖို့ ရှိနေပါတယ်။
-
2017-10-16 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနက်ဖြန် မောင်တောမြို့နယ်ကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်ဖို့ ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူပြီး ဒုတိယဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာဝန်ယူဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းက ဘာတွေအကောင်အထည်ဖော်မှာလဲဆိုတာကို RFA သတင်းထောက် မဝေမာထွန်းက ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဆက်သွယ်မေးမြန်းထားပါတယ်။