ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှု ရှေ့နေ ဦးရောဘတ်စန်းအောင်နဲ့ မေးမြန်းချက်
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန်ဟာ တိုတောင်းလွန်းပြီး ဒီထက် အချိန်ယူကာ မြန်မြန်စစ်ဆေးဖို့ လိုမယ်လို့ အငှားယဉ်မောင်း ဦးနေဝင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
-
2017-07-21 -
-
-
Your browser doesn’t support HTML5 audio
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ စစ်ဆေးနေတဲ့ အချိန်ဟာ တိုတောင်းလွန်းပြီး ဒီထက် အချိန်ယူကာ မြန်မြန်စစ်ဆေးဖို့ လိုမယ်လို့ အငှားယဉ်မောင်း ဦးနေဝင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။
ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ၁၆ ကြိမ်မြောက် ရုံးချိန်းတွင်း မျက်မြင်သက်သေ (၃) ဦးကို စစ်ဆေးတာနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းစဉ် အခုလိုထောက်ပြခဲ့တာပါ။ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို မသင်းသီရိ က ဆက်သွယ်မေးမြန်းထားပါတယ်။