ရန်ကုန်တိုင်းအစိုးရလုပ်ဆောင်ချက် လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

ရန်ကုန်တိုင်းမှာ အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လွှတ်တော်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တာ၊ ရှင်းပြတာတွေ အားနည်းနေသလို၊ စည်ပင်သာယာဌာနက အမြတ်အစွန်းရအောင် စီးပွားရေး လုပ်ချင်နေတဲ့ ကိစ္စကိုလည်း ဥပဒေမှာ မပြဌာန်းသင့်ဘူးလို့ ထောက်ပြကြပါတယ်။

အခုဆိုရင် မြို့လယ်ခေါင် ၆ မြို့နယ် လမ်းတွေမှာ ရေကြီးရေလျှံတဲ့ ပြဿနာဖြေရှင်းဖို့ ကမ္ဘာ့ဘဏ်က ချေးထားတဲ့ အမေရိကန်ဒေါ်လာ ၁၂၄ သန်း ပြန်ဆပ်နိုင်မယ့်နည်းလမ်းပျောက်နေသလို၊ ညဈေးတန်းစီမံကိန်းအတွက် သိန်းပေါင်းများစွာ သုံးထားတာကလည်း အောင်မြင်လား မအောင်မြင်လားဆိုတဲ့ စစ်ဆေးချက်၊ ရှင်းလင်းချက်မရှိဘဲ ဖြစ်နေပါတယ်။

ဒါကြောင့် အစိုးရက လွှတ်တော်နဲ့ ကင်းကွာနေတယ်လို့ ဝေဖန်ထောက်ပြနေတဲ့ ရန်ကုန်တိုင်း ဆိတ်ကြီး ခနောင်တို မဲဆန္ဒနယ် အမတ် ဒေါ်စန္ဒာမင်းကို RFA ဝိုင်းတော်သား ဦးနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org