စစ်တွေမှာ အရက်ချက်နေရာတွေ စစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း ၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက်တွေမှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက်တွေမှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။

အဲ့ဒီအရက်ထုတ်လုပ်တဲ့စက်ရုံတွေဟာ ရန်ကုန်ကနေတင်သွင်းလာတဲ့ အရက်ဆီတွေကိုရေ၊ အရောင်နဲ့ အနံ့တွေရောစပ်ပြီးနောက် ကိုယ်ပိုင်တံဆိပ်တွေကပ်ပြီး ကျေးလက်ဒေသတွေကို အဓိကဖြန့်ချိ ရောင်းချနေတာ ဖြစ်ပါတယ်။

အရက်စက်ရုံတွေကို စစ်ဆေးမှုနဲ့ပတ်သက်ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင် က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org