မြစ်ကြီးနား ဆန္ဒပြပွဲဦးဆောင်သူ ၃ ဦးကို အမှုဖွင့်

တိုက်ပွဲတွေအတွင်းက ပြည်သူတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဦးဆောင်တောင်းဆိုခဲ့တဲ့ ဒေါ်နန်ပူ၊ ဦးဇော်ဂျတ်နဲ့ ကိုလွမ်းဇောင်းတို့ ၃ ဦးကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးက အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားပါတယ်။

တဖက်သတ် ထိုးစစ်ဆင်မှုကြောင့် ရွာသားတွေ ထွက်ပြေးခဲ့ရကြောင်း၊ ပိတ်မိနေတဲ့ ပြည်သူတွေကို လမ်းကြောင်းဖွင့်ပေးဖို့ဟာ တပ်မတော်ရဲ့ တာဝန်သာဖြစ်ကြောင်း၊ လေယာဉ်နဲ့ ဗုံးကြဲခြင်း ချက်ချင်းရပ်ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က အမှုဖွင့်ထားတာဖြစ်တယ်လို့ တရားစွဲခံရသူ ဦးဇော်ဂျတ် က ပြောပါတယ်။

ဦးဇော်ဂျတ်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org