သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-14
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးလေးရွာနဲ့အတူ အဖျက်ခံထားရတဲ့ အင်းပတီးရွာသားတွေကို သူတို့ခေတ္တခိုလှုံနေတဲ့ ဝါးတောထဲကနေ ပြောင်းရွှေ့ဖို့ ရဲညွှန့်တပ်က ထပ်မံသတိပေးလိုက်ပြီး၊ လက်ရှိနေရာကနေ မြို့ပေါ်သွားတဲ့လမ်းကိုလည်း စစ်တပ်က ခြံစည်းရိုးတွေ ခတ်လိုက်တယ်လို့ ဆိုပါတယ်။
2014-03-13
လွန်ခဲ့တဲ့ ၂၆ နှစ် ၁၉၈၈ မတ်လ ၁၃ ရက်နေ့က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ပစ်ခတ်နှိမ်နင်း ခံရတဲ့အကြောင်းနဲ့ ပတ်သက်လို့ အဲဒီအချိန်က သေနတ်ဒဏ်ရာရပြီး ဆေးရုံနဲ့ထောင်ထဲ ရောက်ခဲ့ရတဲ့ RIT ကျောင်းသား ကိုမြင့်ဦးရဲ့ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
2014-03-11
ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေးဆိုင်ရာ ဥပဒေကြမ်းတွေကို လူ့အခွင့်ရေးချိူးဖောက်မှုတွေနဲ့ မငြိစွန်းရအောင် မှန်မှန်ကန်ကန်မျှမျှတတဖြစ်အောင် ရေးဆွဲမှာဖြစ်ပြီး ဒီဥပဒေကြမ်းအတွက် ပြည်သူလူထုထံက ပေးပို့လာတဲ့ အကြံဉာဏ်တွေကိုလည်း အလေးထား စဉ်းစားသွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတဦးသိန်းစိန် ဖွဲ့စည်းပေးလိုက်တဲ့ ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးဖြစ်သူ ရှေ့နေချုပ်ရုံး ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က RFA ကို ဒီကနေ့ ပြောပါတယ်။ ဦးဝင်းမြင့်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-03-11
၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ ဟင်္သာတ မဲဆန္ဒနယ်က ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း ပါတီဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ဒီကနေ့ RFA ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှု အခြေအနေတွေ၊ ရွေးကောက်ပွဲအတွက် အလားအလာတွေနဲ့ ပတ်သက်ပြီး ဦးဌေးဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2014-03-11
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒုချီးရားတန်း အလယ်ရွာမှာ မတ်လ ၉ ရက်နေ့ နံနက် ၁ဝ နာရီလောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုဟာ ရှို့မီးကြောင့်ဖြစ်တယ်လို့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
2014-03-08
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အီးယူဥပရောပသမဂ္ဂရဲ့ အကူအညီနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းတွေ အပါအဝင် ဒီမိုကရေစီ ခေတ်စနစ်နဲ့အညီ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
2014-03-07
လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ထဲမှာ အစိုးရအနေနဲ့အဓိကဦးစားပေး ဆောင်ရွက်သင့်တဲ့ကိစ္စက နိုင်ငံသားတိုင်းသမ္မတဖြစ်ခွင့်ရနိုင်အောင် လမ်းဖွင့်ပေးတဲ့အနေနဲ့ပုဒ်မ (၅၉-စ) ကို ပြင်ဆင်ဖို့ဖြစ်တယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်က ပြောပါတယ်။
2014-03-04
ထိုင်းငါးဖမ်းစက်လှေတွေကို ရောင်းစားခံရတဲ့ မြန်မာအလုပ်သမားတွေ ခေတ်သစ်ငွေဝယ်ကျွန်အဖြစ် လူမဆန်ခိုင်းစေ ငြင်းပမ်းခံနေရတာကို ထိုင်းအစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ခြင်းမရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မတ်လ ၄ ရက် မနေ့က ပြောကြားလိုက်ပါတယ်။ ဦးခင်မောင်စိုးက တင်ပြပါလိမ့်မယ်။
2014-03-04
တိုင်းရင်းသား သတင်းမီဒီယာကွန်ရက် ဖွဲ့စည်းနိုင်ဖို့အတွက် သတင်းမီဒီယာ အဖွဲ့အစည်း ၄၀ ကျော်လောက်က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့စတင်ပြီး ၃ ရက်ကြာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2014-03-03
အမျိုးစောင့်ဥပဒေ ပြဌာန်းရေး၊ မြန်မာအမျိုးသမီးတွေရဲ့ အကာအကွယ်မဲ့မှုနဲ့ မြန်မာနိုင်ငံမှာ အထက်အာဏာပိုင်တွေကို လက်အုပ်ချီတဲ့ဓလေ့ ထွန်းကားနေမှု စတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ရွှေဝါရောင်ဆရာတော် အရှင်ဇဝနကို RFA အဖွဲ့သား ဦးခင်မောင်စိုးက လျှောက်ထားမေးမြန်းထားပါတယ်။
2014-03-02
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းဒေသက လယ်တီသိမ်ကျောင်းနဲ့ စေတီတွေ ရွှေ့ပြောင်းခံရမယ့်အရေးနဲ့ ပတ်သက်ပြီး ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2014-02-24
ပြည်တွင်းငြိမ်းချမ်းရေးလမ်းစဉ်တွေ အကောင်အထည်ဖေါ်ရာမှာ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရကြား နှစ်ဘက်သဘောတူညီချက်တွေကို လိုက်နာမှု ရှိ မရှိ ဆိုတာအတွက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ထားရှိဖို့ လိုအပ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင်တွေက ဆွေးနွေးခဲ့ကြပါတယ်။
2014-02-17
လက်ပံတောင်းတောင်ဒေသကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဒေသခံ ၅ ဦးနဲ့ မုံရွာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2014-02-17
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ စစ်ကိုင်းတိုင်း မုံရွာမြို့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာကို ဒီနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေအနေနဲ့ မစ္စတာကင်တားနားကို သူတို့ရဲ့အခက်အခဲတွေကို တင်ပြနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
2014-02-16
မန္တလေးမြို့မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက အစ္စလာမ်ဘာသာဝင် ကိုမြအေး ဟောပြောမယ့်အစီအစဉ်ကို သံဃာတော်တချို့က ကန့်ကွက်ခဲ့ကြတဲ့အတွက် ဟောပြောသူ ပြောင်းလဲခဲ့ရပါတယ်။