သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-11
မွန်ပြည်နယ် ရေးမြို့နယ် ရေးချောင်းဖျားဒေသ ညီစားခန်းမှာ သုံးရက်ကြာကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ လူထုတွေ့ဆုံပွဲမှာ ၂၁ ရာစုပင်လုံညီလာခံ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အခြေခံရမယ့် ကဏ္ဍကြီး လေးခုကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးကြပါတယ်။
2018-04-11
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဖမ်းဆီးခံနေရတဲ့ ရိုက်တာ သတင်းဌာနက ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို စွဲချက်မတင်ဘဲလွှတ်ပေးဖို့ လျှောက်ထားချက် တရားရုံးက ပယ်ချလိုက်တဲ့ကိစ္စအပါအဝင် အမှုနောက်ဆုံးအခြေ အနေနဲ့ပတ်သက်ပြီး ရှေ့နေ ဦးခင်မောင်ဇော် ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2018-04-11
လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပွားစေနိုင်မယ့် အမုန်းစကားတွေဖြန့်ဝေမှုကို တားဆီးပေးဖို့ သတင်းပို့ရာမှာ တုံ့ပြန်အရေးယူဖို့ နှောင့်နှေးခဲ့တဲ့အတွက် မြန်မာလူမှုအဖွဲ့အစည်း ၆ ဖွဲ့က FaceBook ရဲ့ CEO မာ့ခ်ဇူကာဘတ်ကို အိပ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ပါတယ်။
2018-04-11
လုပ်ကွက်သက်တမ်းကုန်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေဟာ လုပ်ငန်းမရပ်ဘဲ ကျောက်စိမ်းတူးမြဲ တူးနေတဲ့အကြောင်း ကချင်ပြည်နယ် ဖားကန့်မြို့က အလွတ်သတင်းထောက် ဦးဇော်မိုးထက် ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-04-11
ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ မြန်မာ့တပ်မတော်ကြား မတ်လအစောပိုင်းကစပြီး အခုချိန်ထိ နေ့စဉ်လို တိုက်ပွဲတွေဖြစ်နေတယ်လို့ မူထြော်( ဖာပွန်)ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံ့ပေးရေးအဖွဲ့က ပဒိုမန်းမန်းက ပြောပါတယ်၊
2018-04-10
မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲရက်နီးလာတာကြောင့် နယ်စပ်ဂိတ်တွေမှာ တရားမဝင်သွားလာနေသူတွေကို ဖမ်းဆီးမှု စိပ်နေတာကြောင့် ဒီဧပြီလထဲမှာတင် မြန်မာအလုပ်သမား အယောက် ၁၀၀ လောက် အဖမ်းခံထားရတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် ဦးသီဟမောင်မောင် က ပြောပါတယ်။
2018-04-10
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက လမုန်ကျေးရွာ နားမှာ မနေ့က အစိုးရတပ်တွေနဲ့ KIA တပ်တွေ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2018-04-10
ရခိုင်မြောက်ပိုင်းဒေသတွင်း ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဆင်သင့် မဖြစ်သေးဘူးလို့ မြန်မာနိုင်ငံကို ၆ ရက်တာ ခရီးသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Ms.Ursula Mueller ကပြောလိုက်ပေမယ့် မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသူတွေတွအက် ပြန်လည်နေရာချထားရေး အသင့်ဖြစ်နေပြီလို့ တုံ့ပြန်ပါတယ်။
2018-04-10
အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား ပြီးခဲ့တဲ့ မတ်လဆန်းက စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဖာပွန်ဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေကို ကာကွယ်ပေးဖို့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဖာပွန်ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-04-10
ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ရောင်းချပေးမယ့် တန်ဖိုးနည်းတိုက်ခန်းတွေ ဝယ်ယူဖို့အတွက် လျှောက်ထားသူ ၂ သောင်းဝန်းကျင်ရှိပြီး သတ်မှတ်စည်းမျည်းတွေနဲ့ ကိုက်ညီသူတွေကို ရွေးချယ်သွားမယ်လို့ ပြည်သူ့အိမ်ရာကော်မတီ အဖွဲ့ဝင် တောင်ဒဂုံမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောပါတယ်။
2018-04-09
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ မြောင်းမြကြိုးတံတား ကျိုးကျပျက်စီးတဲ့နောက် ဇက်သင်္ဘော ၂ စီး၊ ကူးတို့ စက်လှေတွေနဲ့ အခမဲ့ ပို့ဆောင်ပေးနေပါတယ်။
2018-04-08
ပြီးခဲ့တဲ့ မတ်လက ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်တွေဟာ သီပေါ မြို့နယ်အတွင်းက မန်လွယ်၊ အုံမုနဲ့ ထန်စန့်ကျေးရွာတွေကို ရောက်လာတဲ့အတွက် အဲဒီရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
2018-04-08
ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ ဒီကနေ့ မနက်အစောပိုင်းက ဒေသခံပြည်သူ့စစ်နဲ့ ကချင်လွတ်မြောက်ရေးတပ် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2018-04-07
လာမယ့်ဧပြီလ ၁၁ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံကာ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်က အဆင်သင့်ဖြစ်နေတဲ့ အခြေအနေတွေကို ရှင်းပြခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆိုထားပါတယ်။
2018-04-07
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တံတားညီနောင်ရွာမှာ မနေ့က အစိုးရတပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားတွေဟာ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေကြပါတယ်။