သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-27
ဒေါ်အောင်ဆန်းစုကြည် လုပ်နေတဲ့အလုပ်တွေကို အနာဂတ်မှာဆက်ခံပြီး ဆောင်ရွက်နိုင်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်း ကို ပြင်ဆင်ပြောင်းလဲဖို့ စဉ်းစားနေတာရှိကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဒေါက်တာ ဦးမျိုးညွန့်က RFA ကိုပြောပါတယ်။
2018-03-27
ရွေးကောက်ပွဲကော်မရှင်နဲ့ ဒီနေ့တွေ့ဆုံမှုမှာ ၈ လေးလုံးပါတီနံမည်နဲ့ ပတ်သက်ပြီး ညှိနှိုင်းနေဆဲဖြစ်ပေမဲ့ နိုင်ငံရေးပါတီအဖြစ် ရပ်တည်တဲ့အခါ ကျယ်ပြန့်တဲ့ ညှိနှိုင်းဆွေးနွေးမှုအပေါ် အခြေခံပြီး တစ်မျိုးသားလုံးရဲ့ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်မယ့် ဘုံမဟာဗျူဟာတစ်ခု ချမှတ်နိုင်ရေးအတွက် ကြိုးစားသွားမယ်လို့ ၈ လေးလုံးပါတီရဲ့ ဦးဆောင်အဖွဲ့ဝင်သုံးဦးထဲက တစ်ဦးဖြစ်သူ ကိုရဲနိုင်အောင် က ပြောပါတယ်။
2018-03-27
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံတဲ့အခါ KNPP ဘက်က ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကို ဒီနေ့ KNPP ရဲ့ တွေ့ဆုံဆွေးနွေးရေးကော်မတီဘက်က စတင်ကျင်းပနေပါတယ်။
2018-03-27
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ကုန်သွယ်မှုပြုလုပ်နေတဲ့ မြန်မာနိုင်ငံသား ကုန်သည် ၇ ယောက်ရဲ့ တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက အပိတ်ခံလိုက်ရပါတယ်။
2018-03-26
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့အထိ အချက်အလက် အထောက်အထား ပြည့်စုံတာကြောင့် မြန်မာပြည် ပြန်လာခွင့်ပြုထားတဲ့သူ ၅၀၀ ကျော်စာရင်းကို ဘင်္ဂလားဒေ့ရှ် အစိုးရထံပေးပို့ ထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။
2018-03-26
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်က စေတနာကြီးဘုရားနဲ့ ကျောင်းကြီးညီမဘုရား အနီးမှာ မြတ်မင်း ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်ဖို့ မြေတူးနေတဲ့နေရာဟာ ရှေးဟောင်းအဆောက်အအုံတည်ရှိရာဇုန် ဖြစ်တာကြောင့် လုပ်ငန်းလုပ်ဆောင်နေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့နဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖု့ိ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-03-26
ကရင်ပြည်နယ် မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဂိတ်စခန်းတစ်ခုမှာ ရပ်နားထားတဲ့ လိုင်စင်မဲ့ကား အစီး ၂၀၀ နီးပါးကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာကနေ နှစ်ဖက်တပ်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။
2018-03-25
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ခေါင်းဆောင်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့အဖွဲ့က SSPP ဌာနချုပ်ဝမ်ဟိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်တေ့ွဆုံပြီး NCA လမ်းကြောင်းမှာ ပါဝင်လာနိုင်ရေး ဆွေးနွေးခဲ့ ပါတယ်။
2018-03-23
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ် တဝိုက်မှာ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး TNLA နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီတို့ကြား စစ်ရေးတင်းမာနေ ဆဲ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ သီပေါမြို့ပေါ်မှာ ဆက်လက်တိုးလာနေပါတယ်။
2018-03-22
သမ္မတနဲ့ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲတွေအပါအဝင် အန်အယ်လ်ဒီ အစိုးရအဖွဲ့ရဲ့ သက်တမ်း ၂ နှစ်တာအတွင်း ပြည်သူတွေဘဝ တိုးတက်ပြောင်းလဲအောင် စွမ်းဆောင်နိုင်မှု၊ မစွမ်းဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးကျော်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ကြပါပြီ။
2018-03-22
ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ဖွဲ့စည်းထားတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို မတ်လ ၂၀ရက်နေ့က ဖျက်သိမ်းလိုက်ပါတယ်။ ခုလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မပြုလုပ်နိုင်တဲ့ ပြည်နယ်တွေဟာလည်း ရှမ်းပြည်နယ်က တချို့နေရာတွေနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပါတယ်။
2018-03-21
ကျန်းမာရေးအရ နုတ်ထွက်စာတင်သွားတဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ရာထူးနေရာမှာ ဆက်ခံမယ့်သူဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် ဖြစ်နိုင်ချေအများဆုံးလို့ NLD ပါတီ ပြန်ကြားရေးဌာနက ပြောပါတယ်။
2018-03-21
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လတာအတွက် ပြည်ထောင် အစိုးရက ချထားပေးတဲ့ ဘဏ္ဍာငွေတွေကို လွှတ်တော်မှာ အတည်ပြုနိုင်ဖို့ မနေ့က ကြိုတင်ညှိနှိုင်းခဲ့ကြရာ လွှတ်တော်နဲ့ ပြည်နယ် အစိုးရတို့အကြား သဘောထားတင်းမာ မှုတွေဖြစ်ခဲ့ပါတယ်။
2018-03-20
၂၀၁၈ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တပိုဒ်ချင်းစီ အတည်ပြုပြဌာန်းလိုက်ပါတယ်။
2018-03-20
၁၃၇၉ ခုနှစ် မဟာသြင်္ကန်မှာ နိုင်ငံတော်၊ အဖွဲ့ အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် အကြောင်းအရာမျိုး သံချပ်တွေထဲမှာ မပါဝင်စေရလို့ ရန်ကုန် မဟာသြင်္ကန် သီချင်း သံချပ်၊ စီစစ်ကြပ်မတ်ရေးကော်မတီက ကြေညာထားပေ မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က စနစ်တကျ ဝေဖန်ထောက်ပြနိုင်တယ်လို့ ပြောထားတဲ့အတိုင်း နိုင်ငံရေးအရွေ့နဲ့ ပတ်သက်ပြီး စနစ်တကျဝေဖန် ထောက်ပြထားတယ်လို့ ဒီနှစ်မှာ ရွှေရတုသက်တမ်း နှစ် ၅၀ ပြည့်ခဲ့ပြီဖြစ်တဲ့ “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့ကြီးရဲ့ ခေါင်းဆောင် ကိုဒီဥက္ကာ က ပြောပါတယ်။