သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-14
မုဒိန်းမှု၊ သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးနိုင်မယ့် ဥပဒေတခုပြဌာန်းဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြိုးပမ်းနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ မိဘမဲ့ကလေးတွေ၊ မကျန်းမာတဲ့ကလေးတွေ၊ သက်ငယ်မုဒိန်းကျူးလွန်ခံရတဲ့ ကလေးတွေအတွက် ကူညီနေတဲ့ ရုပ်ရှင်မင်းသမီး ခိုင်နှင်းဝေ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။
2018-03-14
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကို ပြန်လည်စိစစ်လက်ခံရေးကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။
2018-03-14
နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးမှာ အသဲရောဂါလက္ခဏာတွေ တွေ့ရတဲ့အတွက် မိသားစုက ထောင်ပိုင်ကြီးကတဆင့် ဆေးရုံတင်ခွင့် တောင်းဆိုသွားမယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်မောင်ဇော် ကပြောပါတယ်။
2018-03-14
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့တာနဲ့ ဆက်နွယ်ပြီး စစ်တွေမြို့မ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးနိုင်စိုးဟာ အသည်းရောင် အသားဝါ ဝေဒနာကို ခံစားနေရသူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အခြေအနေဟာ ဆိုးဝါးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2018-03-14
မတ်လ ၁၀ရက်နေ့ကနေ ၂၇ရက်နေ့အတွင်း မွန်ပြည်သစ်ပါတီကကျင်းပမယ့် လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လူဦးရေကန့်သတ်လိုက်တဲ့အတွက် ရပ်ဆိုင်းထားရတဲ့ပွဲတွေ ပြန်လည်ကျင်းပနိုင်ဖို့ အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်က ညှိနှိုင်းပေးလိုက်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။
2018-03-14
အမျိုးသမီးတွေအပေါ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်ရင် အမြင့်ဆုံးသေဒဏ်အထိ ချမှတ်နိုင်မယ့် အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို ရေးဆွဲပြီးစီးသွားပြီဖြစ်တဲ့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပါတယ်။
2018-03-13
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မနေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတာတွေအပါအဝင် Amnesty International လူ့အခွင့်အရေးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်က စစ်စခန်းတွေ ဆောက်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်၊ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လုံခြုံရေးက ဝင်ရောက်စွက်ဖက်နိုင်တဲ့ R2P စတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-03-12
ရခိုင်ပြည်နယ် မောင်တောဒေသက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင် တွေရဲ့ နေအိမ် မီးလောင်ပြင်နေရာတွေမှာ မြန်မာ စစ်တပ်က ဘူဒိုဇာနဲ့ရှင်းလင်းပြီး စစ်စခန်းတွေ ရဟတ်ယာဉ်ကွင်းတွေနဲ့ လမ်းတွေဆောက်လုပ်နေ တယ်လို့ ဗြိတိန်အခြေစိုက် Amnesty International ခေါ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2018-03-12
ရန်ကုန်တိုင်းမှာ အစိုးရက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေကို လွှတ်တော်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်တာ၊ ရှင်းပြတာတွေ အားနည်းနေသလို၊ စည်ပင်သာယာဌာနက အမြတ်အစွန်းရအောင် စီးပွားရေး လုပ်ချင်နေတဲ့ ကိစ္စကိုလည်း ဥပဒေမှာ မပြဌာန်းသင့်ဘူးလို့ ထောက်ပြကြပါတယ်။
2018-03-12
တနသာၤရီတိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လို မလိုနဲ့ပတ်သက်ပြီး တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားနေတဲ့ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ် ခံယူမယ့်အစီအစဉ် ဆိုင်းငံ့လိုက်ပါတယ်။
2018-03-12
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းပလောင်အဖွဲ့ TNLA တို့အကြား တိုက်ပွဲမဖြစ်စေရေးအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် ရှမ်းပြည်နယ် ကျောက်မဲမြို့၊ နမ့်ဆန်မြို့ နဲ့ နမ္မတူမြို့နယ်တွေမှာ မနေ့ကစပြီး ဒီနေ့အထိ တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပါတယ်။
2018-03-12
မြန်မာနိုင်ငံ မြောက်ဖျားမှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့ ပူတာအိုမြို့ကို မတ်လ ၉ ရက်နေ့ ညနေကစပြီး စက်သုံးဆီကားတချို့ ဝင်ရောက်မှုတွေ ရှိလာတာကြောင့် စက်သုံးဆီ ဈေးနှုန်း အနည်းငယ်ပြန်ကျနေပေမယ့် တခြားကုန်စည်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲဖြစ်ပါတယ်။
2018-03-12
တပ်မိသားစုဝင်တစ်ဦးဖြစ်တာကြောင့် ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယနှစ်ကျောင်းသား ကိုသက်မောင်မောင်ဟာ မိဘတွေရှိတဲ့ တပ်ရင်းအတွင်း နေထိုင်ခွင့်တားမြစ်ခံရတာ တစ်လနီးပါးရှိနေပြီဖြစ်ပါတယ်။
2018-03-10
မနေ့က ရှာဖွေတေ့ွရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည်စခန်းက ကချင်တိုင်းရင်းသားနှစ်ဦး အသတ်ခံရမှုကို အမှု မှန်ပေါ်ပေါက်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ် လို့ သေဆုံးသူတွေနဲ့ ဆွေမျိုးတော်စပ်သူ ဒေါ်ကော့အောင်က ပြောပါတယ်။
2018-03-10
ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်က ကမန်တိုင်းရင်းသားအိမ်ထောင်စု ၅၅ စု ကို မစ္စတာကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြုချက်အတိုင်း အစိုးရက ရန်ကုန်မြို့ကို ပြောင်းရွှေ့ခွင့်ပြုခဲ့ပါတယ်။