“Save Myanmar လို့ ပါးစပ်ကပြောနေလို့ မရတော့ဘူး”

စစ်ကောင်စီတပ်တွေရဲ့အန္တရာယ်ကိုစိုးရိမ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက တမြို့လုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့ မှာတော့ နေအိမ်အလုံး ၂၀၀ နီးပါး မီးလောင်သွားပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့က နေအိမ်တွေ ၂၀၂၁၊ အောက်တိုဘာ ၂၉ ရက်နေ့က မီးလောင်နေစဥ် Photo: Chin Human Rights Organization

စစ်ကောင်စီတပ်တွေရဲ့အန္တရာယ်ကိုစိုးရိမ်ပြီး ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက တမြို့လုံးနီးပါး ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှာတော့ နေအိမ်အလုံး ၂၀၀ နီးပါး မီးလောင်သွားပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်လို့ မီးလောင်တာလို့ပြောကြသလို၊ လက်နက်ကြီးကြောင့်တင် မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့ အရှို့ခံရတာလို့လည်း နေအိမ်ဆုံးရှုံးရသူတွေက ယူဆနေကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို မတွေ့ရသေးပါဘူး။

နေအိမ်မီးလောင်ဆုံးရှုံးရတဲ့ အမည်မဖော်လိုသူ ထန်တလန်မြို့သူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org