လက်ပံတောင်းတောင်က အမတ်လောင်းနဲ့ ဆက်သွယ်မေးမြန်းခြင်း
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းကြောင့် မြေသိမ်းခံရတဲ့ တောင်သူလည်းဖြစ်၊ လယ်သမားတွေရဲ့ မြေယာကိစ္စ၊ အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ တစ်ယောက်လည်းဖြစ်တဲ့ ကံကုန်းကျေးရွာက ဦးတင့်အောင်စိုးက လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
-
ဇာဏီထွဏ်း
2020-09-07 -

ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မြေကနေ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာတွေ၊ နိုင်ငံတော်က နစ်နာနေတဲ့ စီမံကိန်းဖွံ့ဖြိုးရေးကိစ္စတွေကို အဓိကထား ဆောင်ရွက်ချင်တာကြောင့် ရွေးကောက်ပွဲဝင်ပြိုင်တာလို့ ဦးတင့်အောင်စိုးက ပြောပါတယ်။
ဦးတင့်အောင်စိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။