ရခိုင်ပြည် အမျိုးသားကောင်စီ NCA လက်မှတ်ထိုးပွဲ မတက်
ရခိုင်ပြည် အမျိုးသားကောင်စီက မနက်ဖြန်ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2018-02-13 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည် အမျိုးသားကောင်စီက မနက်ဖြန်ကျင်းပမယ့် NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို တက်ရောက်မှာ မဟုတ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တန်းတူညီတူမှုမရှိတာကြောင့် မနက်ဖြန် ကျင်းပမယ့် လက်မှတ်ရေးထိုးပွဲမှာ ပါဝင်နိုင်တဲ့ အခြေအနေမရှိတော့ တာဖြစ်တယ်လို့ ရခိုင်အမျိုးသားကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။
ရခိုင်အမျိုးသားကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။