စာရေးဆရာမ တူးတူးသာရဲ့ ထောင်တွင်းအတွေ့အကြုံ
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာသူတွေအထဲမှာ စာရေးဆရာမ တူးတူးသာလည်း ပါဝင်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ညက သားဖြစ်သူ ကိုဉာဏ်လူသစ်၊ သားရဲ့သူငယ်ချင်း ကိုသီဟစိုး၊ မောင်ဖြစ်သူ ကိုရဲနောင်တို့နဲ့အတူ သန်လျင်ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ သူတို့လေးဦးစလုံး ပြန်လွတ်လာပါတယ်။
- 2021-10-19
-
-
-
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်လာသူ စာရေးဆရာမ တူးတူးသာ ကို ၂၀၂၁ အောက်တိုဘာလ ၁၉ ရက်က တွေ့ရစဉ်
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာသူ တွေအထဲမှာ စာရေးဆရာမ တူးတူးသာလည်း ပါဝင်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ညက သား ဖြစ်သူ ကိုဉာဏ်လူသစ်၊ သားရဲ့သူငယ်ချင်း ကိုသီဟစိုး၊ မောင်ဖြစ်သူ ကိုရဲနောင်တို့နဲ့အတူ သန်လျင်ကနေအိမ် မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ သူတို့လေးဦးစလုံး ပြန်လွတ်လာပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ စိတ်ဒဏ်ရာကိုတော့ စစ်ကောင်စီက ကုစားပေးနိုင်မှာမဟုတ်ဘူးလို့ စာရေးဆရာမ တူးတူးသာက ပြောပါတယ်။
စာရေးဆရာမ တူးတူးသာကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။