UBP ပါတီကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဌေးနဲ့ တွေ့ဆုံမေးမြန်းချက်

ရွေးကောက်ပွဲအနိုင်ရမယ်ဆိုရင် အခြေခံ လူတန်းစားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ လယ်သမားတွေ ချေးငွေပိုမိုရရှိဖို့၊ ငွေပြန်ဆပ်ချိန်ကာလ ပိုတိုးရရှိဖို့နဲ့ သီးနှံတွေ ဈေးကောင်းရအောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာမှာ ထိပ်တိုက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UBP ရဲ့ ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဌေး က ပြောပါတယ်။

UBP ပါတီကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဌေးနဲ့ တွေ့ဆုံမေးမြန်းချက် Photo: Nay Myo Htun/RFA

ရွေးကောက်ပွဲအနိုင်ရမယ်ဆိုရင် အခြေခံလူတန်းစားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိဖို့ လယ်သမား တွေ ချေးငွေပိုမိုရရှိဖို့၊ ငွေပြန်ဆပ်ချိန်ကာလ ပိုတိုးရရှိဖို့နဲ့ သီးနှံတွေ ဈေးကောင်းရအောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာမှာ ထိပ်တိုက်ယှဉ် ပြိုင်မယ့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ရဲ့ ကိုယ်စားလှယ်လောင်း ဦးသန့်ဇင်ဌေး က ပြောပါတယ်။ အရင်က နိုင်ငံရေး လှုပ်ရှားမှုတွေမရှိခဲ့ဘဲ ၂၀၂၀ ရွေးကောက်ပွဲမှာမှ သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီကို မျက်နှာသစ်အနေနဲ့ ဝင်ရောက်လာခဲ့သူ ဦးသန့်ဇင်ဌေး ကို RFA သတင်းထောက် မဝေမာထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ရိုက်ကူး- နေမျိုးထွန်း၊ ဖြူဖြူခိုင်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org