CDM မှာပါတဲ့ MRTV ဝန်ထမ်းအိမ်ကို လူတစ်အုပ်ဝင်ဖျက်ဆီး

MRTV က ဝန်ထမ်းတွေ စစ်အာဏာသိမ်းကောင်စီနဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင် နေတဲ့ အစီအစဉ် ရိုက်ကူးထုတ်လုပ်သူ မပပစန်းကျော်ရဲ့ ရန်ကုန်မြို့က ဝန်ထမ်းအိမ်ယာခန်းကို ပြီးခဲ့တဲ့ ည ၁၁ နာရီ လောက်မှာ နက်ပြာရောင်အင်္ကျီတွေဝတ်ထားတဲ့ လူရမ်းကားတစ်အုပ် ဝင်ရောက် ရှာဖွေဖျက်ဆီးပြီး ခင်ပွန်းသည်ကိုလဲ ကိုယ်ထိလက်ရောက် ရိုက်နှက်သွားပါတယ်

CCDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်တဲ့ မပပစန်းကျော်ရဲ့ ဝန်ထမ်းအိမ်ယာခန်းကို နက်ပြာရောင်အင်္ကျီတွေဝတ်ထားတဲ့ လူတစု ဝင်ရောက် ရှာဖွေပြီးနောက် တွေ့ရသည့် မြင်ကွင်း။ Photo: Citizen Journalist


MRTV က ဝန်ထမ်းတွေ စစ်အာဏာသိမ်းကောင်စီနဲ့ မပူးပေါင်းရေး CDM လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင် နေတဲ့ အစီအစဉ် ရိုက်ကူးထုတ်လုပ်သူ မပပစန်းကျော်ရဲ့ ရန်ကုန်မြို့က ဝန်ထမ်းအိမ်ယာခန်းကို ပြီးခဲ့တဲ့ ည ၁၁ နာရီ လောက်မှာ နက်ပြာရောင်အင်္ကျီတွေဝတ်ထားတဲ့ လူရမ်းကားတစ်အုပ် ဝင်ရောက် ရှာဖွေဖျက်ဆီးပြီး ခင်ပွန်းသည်ကိုလဲ ကိုယ်ထိလက်ရောက် ရိုက်နှက်သွားပါတယ်။ ဒီအဖြစ်ဟာ အာဏာသိမ်းစစ်ကောင်စီ လက်ထက်မှာ သတင်းဌာနဝန်ထမ်းတယောက် ပထမဆုံး အကြမ်းဖက်ခံရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မပပစန်းကျော်ရဲ့ခင်ပွန်း ပန်းချီဆရာ ဘစိုင်းဝဏ္ဏကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org