UPWC နဲ့ NCCT တို့ ရန်ကုန်မြို့မှာ ဆွေးနွေးမယ့်အကြောင်း မေးမြန်းချက်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ငန်းကော်မတီ NCCT တို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် မနက်ဖြန် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ (၇) ကြိမ်မြောက်အဖြစ် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းကော်မတီ NCCT တို့ဟာ အပစ်အခတ်ရပ်စဲရေးအတွက် မနက်ဖြန် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ (၇) ကြိမ်မြောက်အဖြစ် ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်။

ကေအိုင်အို ခေါင်းဆောင်တွေ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ တပ်မတော် ခေါင်းဆောင်တွေနဲ့လည်း အကြိုညှိုနှိုင်း ဆွေးနွေးခဲ့တာတွေရှိခဲ့တာမို့ ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ ပြီးပြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက ပြောပါတယ်။

ဦးလှမောင်ရွှေကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org