ပြုပြင်ပြောင်းလဲရေး ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ ဝန်ကြီး ဦးရဲထွဋ်ပြောကြား

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြဖို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ဝန်ထမ်းတွေကို ပြောကြားလိုက်ပါတယ်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းနေစဉ်

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ကြဖို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ဝန်ထမ်းတွေကို ပြောကြားလိုက် ပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ ဒီကနေ့ မနက်ပိုင်း က နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာန ကိုလာရောက်ပြီး ဌာန အကြီးအကဲတွေ ဝန်ထမ်းတွေနဲ့ တွေ့ဆုံရာမှာ သူကအခုလိုပြောကြားခဲ့တာဖြစ် ပါတယ်။

အဲ့ဒီအခမ်းအနားအပြီးမှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က လွတ်လပ်တဲ့အာရှအသံကို သီးသန့်တွေ့ဆုံ မေးမြန်းခွင့်ပြုခဲ့ပါတယ်။ ဝန်ကြီး ဦးရဲထွဋ်နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး တွေ့ ဆုံမေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org