ရန်ကုန် လင်းနို့တွေရှင်းတာ အဖြေမှန်မဟုတ်လို့ ပညာရှင်ထောက်ပြ
ကိုရိုနာဗိုင်းရပ်စ်တွေ့ရတဲ့ ပိုးမွှားစားလင်းနို့ အမျိုးအစားဟာ ရန်ကုန်မှာလည်းရှိပါတယ်။
-
ခေမဏီဝင်း
2020-03-10 -
-
-
ရန်ကုန်မြို့က လူနေမဲ့ အဆောက်အဦမှ လင်းနို့များကို ၂၀၂၀ ဖေဖော်ဝါရီ ၂၇ ကတွေ့ရစဉ်
Photo: AFP
ကိုရိုနာဗိုင်းရပ်စ်တွေ့ရတဲ့ ပိုးမွှားစားလင်းနို့ အမျိုးအစားဟာ ရန်ကုန်မှာလည်းရှိပါတယ်။ ဒါကိုကြောက်လန့်ပြီးတော့ ကောင်ရေသိန်းချီရှိတဲ့ အဲဒီလင်းနို့သိုက်တွေကို ရှင်းထုတ်တာက အဖြေမှန်မဟုတ်ကြောင်း၊ အန္တရာယ်များတဲ့အကြောင်းကို မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာမိုးမိုးအောင်က အစိုးရတာဝန်ရှိသူတွေကို အကြံပြုတိုက်တွန်း ထားပါတယ်။
RFA သတင်းထောက် မခေမဏီဝင်းက မန္တလေးတက္ကသိုလ်မှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။