၄၄ လမ်းမှာ တိုက်ပေါ်ကကျပြီး သေဆုံးသွားသူ ကိုရဲမင်းဦးဖခင်နှင့် ဆက်သွယ်မေးမြန်းချက်
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်နံပါတ် (၃၈) ကို မနေ့ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့အချိန်မှာ တိုက်ပေါ်ကနေပြုတ်ကျပြီး လူငယ်အမျိုးသား လေးယောက်နဲ့ လူငယ်အမျိုးသမီး တစ်ယောက်သေဆုံးသွားသလို၊ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါပေမဲ့ သေဆုံးရသူ ခြောက်ယောက်ရှိတယ်လို့ သိရပါတယ်။
- 2021-08-10
-
-
-
ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ တိုက်ပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ ကိုရဲမင်းဦး ကို တွေ့ရစဥ်
Photo CJ
ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းက တိုက်နံပါတ် (၃၈) ကို မနေ့ညနေ ၅ နာရီကျော်လောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့အချိန်မှာ တိုက်ပေါ်ကနေပြုတ်ကျပြီး လူငယ်အမျိုးသား လေးယောက်နဲ့ လူငယ်အမျိုးသမီး တစ်ယောက်သေဆုံးသွားသလို၊ နှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါပေမဲ့ သေဆုံးရသူ ခြောက်ယောက်ရှိတယ်လို့ သိရပါတယ်။ သူတို့ဟာ NUG အစိုးရတို့ PDF အဖွဲ့တို့နဲ့ မပတ်သက်ဘဲ စစ်အာဏာရှင်စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်တော်လှန်နေတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တိုက်ပေါ်က ပြုတ်ကျသေဆုံးသူတွေထဲက ကိုရဲမင်းဦးရဲ့ဖခင် ဦးတင်ဇော် ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။