တနသာၤရီတိုင်းမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေနဲ့ ဆက်သွယ်မေးမြန်းချက်


2018.03.12

တနသာၤရီတိုင်းဒေသကြီးအတွင်းမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်ကို တင်ပြဖို့ လို မလိုနဲ့ပတ်သက်ပြီး တိုင်းအစိုးရနဲ့ တိုင်းလွှတ်တော်ကြား အငြင်းပွားနေတဲ့ကိစ္စကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့ အဆုံးအဖြတ် ခံယူမယ့်အစီအစဉ် ဆိုင်းငံ့လိုက်ပါတယ်။

အဲဒီကိစ္စဟာ လွှတ်တော် ကိုယ်စားလှယ်တွေကို တိုင်ပင်ထားတာမရှိဘဲ လွှတ်တော် ဥက္ကဌ ဦးခင်မောင်အေးရဲ့ သဘောဆန္ဒ တစ်ခုတည်းသာဖြစ်ပြီး တိုင်းလွှတ်တော်တစ်ရပ်လုံးရဲ့ သဘောထား မဟုတ်ဘူးလို့ တနသာၤရီမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ က ပြောပါတယ်။

ဦးရဲမြင့်ဆွေ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။