ပြုပြင်ပြောင်းလဲရေး ပိုလုပ်ဆောင်ဖို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အမေရိကန် အစိုးရဖက်က မြန်မာနိုင်ငံရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှု ချမှတ်ထားရာကနေ အပြုသဘော ဆက်ဆံရေးနဲ့ပါ ပူးတွဲချမှတ် ကျင့်သုံးခဲ့ပေမယ့် အမေရိကန်ရဲ့ တောင်းဆိုမှုကို မြန်မာ အစိုးရဖက်က ဘာမှ လိုက်လျောမှု မရှိသေးဘူးလို့အမေရိကန် အစိုးရ အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Kurt Campbell က မနေ့က ပြောလိုက်ပါတယ်။
-
2011-06-01 -
-
-
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)
(Photo: AFP)
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ နိုင်ငံတကာ မဟာဗျူဟာ သုတေသနအဖွဲ့CSIS မှာ ကျင်းပခဲ့တဲ့ အရှေ့တောင် အာရှဒေသ ဆိုင်ရာ အမေရိကန် အစိုးရ မူဝါဒ ရှင်းလင်းဆွေးနွေးပွဲမှာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့တာပါ။
မြန်မာအစိုးရ နဲ့မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးမှုကို အမြန်ဆုံး ဖြစ်လာဖို့မျှော်လင့်သလို နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လည် လွတ်မြောက်လာဖို့ ကိုလည်း အမေရိကန် အစိုးရဖက်က တောင်းဆိုထားတယ်လို့သိရပါတယ်။
ဒါ့အပြင် မြန်မာအစိုးရဟာ မြောက်ကိုရီးယား နိုင်ငံက စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူနေတာဟာ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို ချိုးဖေါက်နေတာလို့အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
မစ္စတာ Kurt Campbell ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ ပြောကြားချက် နဲ့ပတ်သက်ပြီး အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိုင်က တင်ပြထားပါတယ်။ နားဆင်ကြည့်ပါ။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |