သံရုံးတွေရှိတဲ့ လမ်းတလျှောက် စစ်တပ်နဲ့ ရဲတွေပိတ်ဆို့ထားတဲ့ မြင်ကွင်း

ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့ ပြည်လုံးကျွတ်သပိတ်မှောက်ကြတဲ့နေ့မှာ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေရှေ့သွားပြီး ဆန္ဒမပြနိုင်အောင် သံရုံးတွေရှိတဲ့ လမ်းတလျှောက်ကို စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချ ပိတ်ဆို့ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် တရုတ်သံရုံးရှေ့ မြင်ကွင်း။ Photo: RFA

ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့ ပြည်လုံးကျွတ်သပိတ်မှောက်ကြတဲ့နေ့မှာ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေရှေ့သွားပြီး ဆန္ဒမပြနိုင်အောင် သံရုံးတွေရှိတဲ့ လမ်းတလျှောက်ကို စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချ ပိတ်ဆို့ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

ကုလသမဂ္ဂရုံး၊ ဂျပန်သံရုံးရှိတဲ့ ကန်တော်ကြီးကန်ပတ်လမ်း၊ အမေရိကန်သံရုံးရှိတဲ့ တက္ကသိုလ်လမ်းနဲ့ ဦးထောင်ဘို အဝိုင်းနားမှာ တပ်နဲ့ ရဲတပ်ဖွဲ့ အင်အားတွေ၊ အဓိကရုဏ်းဖြိုခွင်းတဲ့ကားတွေ ကရိန်းကားတွေနဲ့ ပိတ်ဆို့ထားခဲ့တာပါ။ ဆန္ဒပြတဲ့သူတွေကလည်း ထိပ်တိုက်မတွေ့ဘဲ ပိတ်ဆို့ထားတဲ့လမ်းတွေကို ရှောင်ပြီး ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြသူတွေပြန်သွားချိန် နေ့လည် ၂ နာရီကျော်မှာတော့ ဒီလမ်းတွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒီကနေ့ ပြည်လုံးကျွတ်သပိတ်မှောက်ကြတဲ့နေ့မှာ ရန်ကုန်မှာရှိတဲ့ လူသန်းနဲ့ချီ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org