မိသားစုခြိမ်းခြောက်ခံနေရတဲ့ လက်နက်ကိုင် တက္ကသိုလ်ကျောင်းသား
အသက်၂၀ ပြည့် မွေးနေ့တောင် မကျင်းပရသေးတဲ့ မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးကြွယ်ဟာ စစ်အာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်နေတဲ့အတွက် မိသားစုရဲ့အိမ် ချိပ်ပိတ်အသိမ်းခံရသလို၊ စစ်ကောင်စီက သူ့ဓာတ်ပုံကို မြို့မှာကပ်ပြီး အကြမ်းဖက်သမားအဖြစ် အလိုရှိနေတဲ့အကြောင်း ကြေညာခံထားရပါတယ်။
-
ခင်မိုးညို
2022-05-17 -
-
-
မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးကြွယ်။
Photo: RFA
အသက်၂၀ ပြည့်မွေးနေ့တောင် မကျင်းပရသေးတဲ့ မန္တလေး ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုအောင်ဖြိုးကြွယ်ဟာ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေတဲ့အတွက် မိသားစုနေအိမ် ချိပ်ပိတ်အသိမ်းခံခဲ့ရသလို၊ စစ်ကောင်စီက သူ့ဓာတ်ပုံကို မြို့ပေါ်မှာကပ်ပြီး အကြမ်းဖက်သမားအဖြစ် အလိုရှိနေတဲ့အကြောင်း ကြေညာခံထားရပါတယ်။
ဒါပေမဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်သွားမယ်လို့ ကိုအောင်ဖြိုးကြွယ်က ပြောပါတယ်။ မခင်မိုးညို တင်ပြထားပါတယ်။