AA ကို ထောက်ပံ့တယ်လို့ စွပ်စွဲခံရသူတွေကို ရုံးထုတ်
ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ယောက်ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
-
2019-08-23 -
-
-
ရက္ခိုင့်တပ်တော် AA အဖွဲ့ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရသူတွေကို ၂ဝ၁၉ သြဂုတ် ၂၃ ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်
Photo: Thant Zin Oo/RFA
ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ယောက်ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ဒီအမှုကို တရားသူကြီးနှစ်ယောက်နဲ့ ခုံရုံးဖွဲ့စစ်ဆေးမှာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။