အာဏာသိမ်းမှုနောက်ပိုင်း HIV/AIDS ဝေဒနာရှင်တွေ အခက်အခဲပိုကြုံနေရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် NGO အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီကို မှီခိုနေရတဲ့ HIV/ AIDS ဝေဒနာရှင်တွေဟာ ART လို့ခေါ်တဲ့ Antiretroviral Therapy ဆေးတွေ လုံလုံလောက်လောက်ရဖို့ ခက်ခဲလာတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

HIV/AIDS ဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုသပေးနေသည့် မေတ္တာရိပ်ဆေးခန်းမှ ဆရာဝန်နှင့် လူနာများကို တွေ့ရစဉ် Photo: MSF Myanmar

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် NGO အရပ်ဘက်အဖွဲ့တွေရဲ့ အကူ အညီကို မှီခိုနေရတဲ့ HIV/ AIDS ဝေဒနာရှင်တွေဟာ ART လို့ခေါ်တဲ့ Antiretroviral Therapy ဆေးတွေ လုံလုံလောက်လောက်ရဖို့ ခက်ခဲလာတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

ART ဆေးတွေကို အရင်က သုံးလစာ ရခဲ့ပေမယ့် အခုတော့ တစ်လစာပဲ ရရှိတော့တယ်လို့ ရန်ကုန်မြို့က HIV/ AIDS ဝေဒနာရှင်တစ်ဦးဖြစ်တဲ့ မအေးလွင် (အမည်လွှဲ) က RFA ကို ပြောပါတယ်။

“တစ်လ တစ်ခါရနေတာ ကြာသွားပြီလေ။ ငါးလ၊ ခြောက်လလောက်တောင်ရှိပြီ။ တစ် လပဲရတယ် ဆေးက။ အရင်တုန်းကဆို ဆေးက သုံးလစာရတယ်။ သုံးလစာရတော့ ကိုယ် နယ်တွေဘာတွေ ပြန်တဲ့အခါမျိုးတို့။ တချို့တွေက နယ်တွေမှာ နေကြတယ်လေ။ အစ်မတို့ကသာ ဂေဟာမှာနေလို့သာ နီးနီးနားနားထုတ်ရတာ။ တချို့ဆို နယ်ကလာ ထုတ်ရတဲ့ လူတွေကျတော့ အရမ်းခက်ခဲတယ်။ အဲဒါကြောင့် ဆေးပြတ်သွားတာလေ။ တချို့ဆို မလာနိုင်တာတို့၊ ကိုဗစ်ကြောင့်တို့၊ လမ်းခရီး အခက်အခဲကြောင့်တို့၊ စရိတ် စက မတတ်နိုင်လို့ တချို့ဆို တစ်လစာရတဲ့သူတွေ ဆေးပြတ်သွားတာတွေရှိတယ်”

မအေးလွင်ဟာ NGO လူမှုအဖွဲ့တစ်ဖွဲ့ကနေ ထောက်ပံ့တဲ့ ART ဆေးတွေကို အဓိက မှီခို နေရတာပါ။ ART ဆေးက တစ်ကြိမ်မှာ တစ်လစာပဲ ရတော့တာကြောင့် ရန်ကုန်မြို့နဲ့ဝေး တဲ့ နယ်ကဝေဒနာရှင်တွေအတွက် ပိုခက်ခဲစေပြီး အချို့ဆို ဆေးပြတ်တဲ့အထိ ကြုံနေရ တယ်လို့ မအေးလွင်က ပြောပါတယ်။

"ပြောရရင်တော့ ဆရာဝန်တွေ မလုံလောက်တဲ့ အခက်အခဲလည်းပါတယ်"

HIV/AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိဖြစ်စေတဲ့ ရောဂါတစ်မျိုးဖြစ်တာကြောင့် ART ဆေးကို မဖြစ်မနေ ပုံမှန်သောက်သုံးဖို့ ကျွမ်းကျင်သူ တွေက လမ်းညွှန်ထားတာပါ။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပုံမှန်ဆေးသောက်သုံးခွင့်မရလို့ အသက်သေဆုံးရတဲ့ သူတွေတောင် ရှိနေတယ်လို့ HIV/AIDS ဝေဒနာရှင်တွေက ပြောပါတယ်။

HIV/AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ ART ဆေးပုံမှန်သောက်သုံးတဲ့ တစ်ချိန် တည်းမှာပဲ ဆေးကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အသည်းနဲ့ ကျောက်ကပ်ရောဂါ တွေအတွက်ပါ ဆေးစစ်မှုတွေ ပုံမှန်လုပ်ဆောင်ရတာပါ။

စစ်ကောင်စီ ကျန်းမာရေးဌာနတွေကတော့ ဆေးဝါးပုံမှန်ထောက်ပံ့နေတယ်လို့လည်း HIV/AIDS ဝေဒနာရှင်တွေက ပြောပါတယ်။ HIV ပိုးရှိသူတွေကို အရင်က သွေး၊ ပိုးကောင် ရေ၊ အသည်း၊ ကျောက်ကပ်၊ အဆုတ် စတာတွေကို ခြောက်လတစ်ကြိမ် စစ်ဆေးပေးခဲ့ပါ တယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်း မလုံလောက်တာ ကြောင့် သွေးနဲ့ ပိုးကောင်ရေပဲ စစ်ဆေးပေးပြီး ကျန်တာတွေ မစစ်ဆေးတော့ဘူးလို့ HIV/AIDS ဝေဒနာရှင်တွေက ပြောပါတယ်။

ဒါကြောင့် ပြင်ပမှာပဲ စစ်ဆေးနေရတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ HIV/AIDS ဝေဒနာရှင် တစ်ဦးဖြစ်တဲ့ မညို (အမည်လွှဲ) က ပြောပါတယ်။

“ခြောက်လ တစ်ခါ သွေးစစ်တဲ့အခါကျရင် ကျောက်ကပ်တွေ ဘာတွေ အပြင်မှာ စစ်ရတဲ့ အခါကျရင် နည်းနည်းတော့ အခက်အခဲရှိပါတယ်ရှင့်။ သူတို့က Viral Load တို့၊ ပိုး ကောင်ရေတို့ကျတော့ သူတို့က စစ်ပေးတယ်။ ကျောက်ကပ်တို့၊ အသည်းတို့က အပြင် မှာစစ်ရတဲ့အခါကျတော့ နည်းနည်းအခက်အခဲရှိတယ်။ နည်းနည်း အကျပ်အတည်းရှိ တယ်”

အသည်း၊ ကျောက်ကပ်၊ အဆုတ်တွေကို ပြင်ပဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ဆေးမှုတွေကို အာဏာသိမ်းပြီး နောက် ဆောင်ရွက်လာရတာလို့ HIV ပိုးရှိသူတွေကို ကူညီပေးနေတဲ့ ကိုအောင် (အမည်လွှဲ)က ပြောပါတယ်။

“အခုလက်ရှိ ဆေးရုံတွေမှာ စစ်ပေးတာက Viral Load တစ်ခုပဲ စစ်ပေးတယ်။ ကျန်တဲ့ ကျောက်ကပ်တို့၊ အသည်းတို့ စစ်တာကျတော့ အပြင်မှာ စစ်တာပဲများတယ်။ အဲဒါကျ တော့ ပိုက်ဆံပေးစစ်ရတာပေါ့။ အရင်ကတော့ ဘယ်မှာမှ မစစ်ရဘူး။ ကိုယ်ထုတ်နေတဲ့ ဆေးရုံထဲမှာပဲ အကုန်စစ်ပေးတယ်။ အဲလို အခက်အခဲ တစ်ခုပဲ တွေ့နေရတယ်။ ပြောရ ရင်တော့ ဆရာဝန်တွေ မလုံလောက်တဲ့ အခက်အခဲလည်းပါတယ်။ ဆရာမတွေ မလုံ လောက်မှုလည်း ပါတယ်ပေါ့။ အခုလို အခက်အခဲထဲမှာပေါ့”

တချို့ဝေဒနာရှင်တွေဟာ ပြင်ပမှာ ပုံမှန်စစ်ဆေးတာတွေ မလုပ်နိုင်တာကြောင့် ပိုဆိုးတဲ့ ဝေဒနာတွေကို ခံစားနေရတယ်လို့လည်း HIV/AIDS ဝေဒနာရှင်တွေက ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်၊ ချင်း၊ ကယားနဲ့ စစ်ကိုင်းလိုနေရာတွေမှာဆိုရင် လုံခြုံရေး အပါအဝင် သွားလာရေးအခက်အခဲတွေကြောင့် HIV/AIDS ဝေဒနာရှင်တွေဟာ ပုံမှန် ဆေးယူဖို့နဲ့ သွေးစစ်ဖို့တောင် မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရတယ်လို့လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDS ဝေဒနာရှင်တွေကို နှစ်ပေါင်း ၃၀ ကြာ အကူအညီတွေပေးနေတဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF Myanmar) ရဲ့ ပြောရေးဆိုခွင့်ရှိသူ Marjan Besuijen က NGO အဖွဲ့တွေအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရသလို ART ဆေးတွေ ထောက်ပံ့နိုင်ဖို့ သွင်းကုန်ပါမစ် အခက်အခဲကြောင့် နောက်ပိုင်းမှာ ထောက်ပံ့မှုတွေ နှောင့်နှေးလာနိုင်တယ်လို့ RFA ကို အင်တာနက် အီးမေးလ် ကနေတစ်ဆင့် ပြောပါတယ်။

သွင်းကုန်ပါမစ်ရဖို့အတွက် ဆောင်ရွက်ရတဲ့ကိစ္စဟာ အလွန်ရှုပ်ထွေးပြီး အချိန်ကြန့်ကြာ တာကြောင့် နိုင်ငံတွင်း အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ရရှိဖို့ MSF အနေနဲ့ ရုန်းကန်နေရတယ်လို့လည်း ဆိုပါတယ်။

အခုလက်ရှိမှာ ဝေဒနာရှင်တွေဟာ ဆေးဝါးထောက်ပံ့မှု လုံလောက်နေပေမယ့် လာမယ့် ရက်သတ္တပတ်နဲ့ လတွေအတွင်းမှာ ထောက်ပံ့မှုတွေ ဆက်လက်နှောင့်နှေးနေမယ်ဆိုရင် လူအများအပြားရဲ့ အသက်အန္တရာယ်နဲ့ ကြုံတွေ့လာရနိုင်တယ်လို့လည်း MSF Myanmar က ပြောပါတယ်။

HIV/AIDS ဝေဒနာရှင်များအား အခမဲ့ဆေးဝါးကုသပေးနေသည့် မေတ္တာရိပ်ဆေးခန်းမှ ဆရာဝန်နှင့် လူနာကို တွေ့ရစဉ် (Photo: MSF Myanmar)

MSF အနေနဲ့ ART ဆေးတွေအတွက် သုံးလစာပဲ ပေးနေသလို ရှမ်းပြည်ကလူနာတွေကို တစ်လစာပိုပေးနေနိုင်ပေမယ့် သွင်းကုန်ပါမစ် မရနိုင်ရင်တော့ ပစ္စည်းပြတ်လပ်တာ ဖြစ် လာနိုင်တဲ့အတွက် နောက်ပိုင်းမှာ မသေချာဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းကတော့ HIV/AIDS လူနာတွေကို ကုသရေးနဲ့ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေဖို့ ရန်ပုံငွေတွေကို နှစ်စဉ် တိုးမြှင့်ခွဲဝေချ ထားပြီး ဆောင်ရွက်နေတယ်လို့ ဇူလိုင်လ ၁၃ ရက်နေ့က ခုခံကျ/ကာလသားရောဂါ တိုက် ဖျက်ရေး စီမံချက် အစည်းအဝေးမှာ ပြောဆိုပါတယ်။

နိုင်ငံတွင်း AIDS ရောဂါဖြစ်ပွားသူအရေအတွက် ခန့်မှန်းဖော်ပြချက်တွေအရ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ လူဦးရေ ၂၇၀,၀၀၀ ကျော်မှာ ရောဂါပိုး ကူးစက်ခံထားရပြီး အဲဒီထဲက ၂၀၂၁ ခုနှစ်အတွင်း ရောဂါပိုးကူးစက်ခံရသူ လူနာဟာ ၁၁,၀၀၀ ဝန်းကျင်အထိရှိတာကြောင့် HIV ရောဂါဖြစ်ပွားသူ လူနာအသစ်တွေ့ရှိမှုဟာ အရေအတွက် သောင်းဂဏန်းကျော်အထိ တွေ့ရှိနေဆဲဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးစာရင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာ့လူဦးရေ ၅၅ သန်းမှာ HIV ပိုး ကူးစက်ထားသူဟာ လူ နှစ်သိန်းကျော်ရှိတာကြောင့် လူဦးရေအားလုံးရဲ့ ဝ.၆၄ ရာခိုင်နှုန်းဟာ HIV ပိုးကူးစက်ခံနေရဆဲ ဖြစ်ပါတယ်။

ကူးစက်ခံထားရသူ လူနာ နှစ်သိန်းခုနစ်သောင်းကျော်ထဲက တစ်သိန်းကိုးသောင်းကျော်ကို ကျန်းမာရေးဌာနက ART ဆေး အခမဲ့ဖြန့်ဝေပေးပြီး ဆေးကုသပေးနေသလို မြန်မာနိုင်ငံမှာ HIV ကူးစက်မှု ကင်းဝေးတဲ့ လူ့အဖွဲ့အစည်းကို ၂၀၃၀ ပြည့်နှစ်မှာ ပေါ်ပေါက်စေဖို့ ရည်ရွယ် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနရဲ့ ဇူလိုင်လ ၁၃ ရက်နေ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org