ဖမ်းဆီးခံကျောင်းသားများ တရားရုံးတင်
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက မနေ့ကဖြိုခွဲပြီးနောက် ဖမ်းဆီး ထားတဲ့ ကျောင်းသားတွေကို လက်ပံတန်း မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
-
2015-03-12 -
-
-
လက်ပံတန်းမြို့က ကျောင်းသားသပိတ်စစ်ကြောင်းကို အာဏာပိုင်တွေက မနေ့ကဖြိုခွဲပြီးနောက် ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။ အဖမ်းခံထား ရတဲ့ ကျောင်းသားတွေရဲ့မိဘတွေက သာယာဝတီထောင်ရှေ့မှာ သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် သားသမီးတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ သပိတ်မှောက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်းက… သမီးဖြစ်သူရဲ့လုပ်ရပ်အပေါ်မှာထောက်ခံတဲ့အကြောင်းနဲ့၊ အစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ ကို ပြန်လွှတ်ပေး ဖို့ တောင်းဆိုကြောင်း ပြောပါတယ်။ မနေ့က ဖမ်းဆီးသွား တဲ့ကျောင်းသား တွေကို သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ လက်ပံတန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။