အာဏာဖီဆန်ရေးမှာ ပါဝင်သူတွေအတွက် ပန်းချီ၊ ကာတွန်းနဲ့ ကဗျာဆရာတွေ ရန်ပုံငွေရှာ

အာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအတွက် ကဗျာဆရာများသမဂ္ဂ၊ ပန်းချီဆရာ၊ ဆရာမတွေ၊ ကာတွန်းဆရာတွေ၊ Performance Art ပညာရှင်တွေနဲ့ Pen Myanmar အဖွဲ့တို့ပူးပေါင်းပြီး Artists’s Street ဆိုပြီး ရန်ပုံငွေ ရှာဖွေနေကြပါတယ်။

CDM မှာပါတဲ့ဝန်ထမ်းတွေကို ကူညီဖို့ Artists’s Street က ရန်ပုံငွေရှာစဉ်

အာဏာဖီဆန်ရေးလှုပ်ရှားမှုဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအတွက် ကဗျာဆရာများသမဂ္ဂ၊ ပန်းချီဆရာ၊ ဆရာမတွေ၊ ကာတွန်းဆရာတွေ၊ Performance Art ပညာရှင်တွေနဲ့ Pen Myanmar အဖွဲ့တို့ပူးပေါင်းပြီး Artists’s Street ဆိုပြီး ရန်ပုံငွေ ရှာဖွေနေကြပါတယ်။

ကာတွန်းဆရာတွေ၊ ပန်းချီဆရာတွေက လက်မှာ ဆေးပန်းချီဆွဲပေးတာ၊ ပန်းချီကားချပ်စွဲပေးတာတွေ လုပ်ဆောင်ပေးသလို ကဗျာဆရာကတော့ ကဗျာရွတ်ပြီး အလှူငွေကောက်ခံတာတွေ လုပ်ဆောင်နေတာပါ။

ဒီနေ့မှာတော့ ပန်းဆိုးတန်းအောက်လမ်းက မြန်မာနိုင်ငံ ဥပဒေရုံးချုပ်ရှေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အရင်နှစ်ရက်က လှည်းတန်း၊ မြေနီကုန်းတို့မှာ ပြုလုပ်ခဲ့သလို ဒီနေဟာ သုံးရက်မြောက် ရန်ပုံငွေရှာဖွေနေတာ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေအတွက် အတန်အသင့် အထောက်အကူဖြစ်ဖို့ အနုပညာရှင်တွေ ဖန်တီးထားတဲ့ အနုပညာနဲ့ ရန်ပုံငွေရှာနေတာဖြစ်ပြီး ရရှိတဲ့ ရန်ပုံငွေ ရာနှုန်းပြည့်ကို လှူဒါန်းသွားမယ်လို့ ကဗျာဆရာစောဝေက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ဦးဆောင်တွန်းလှန်နေတဲ့ Genaration Z မျိုးဆက်တွေကို အားတက်လာ အောင် အနုပညာရှင်တွေအနေနဲ့ နောက်ကနေ ညီညီညွတ်ညွတ်ရှိနေတယ်ဆိုတာ သိအောင် စုပေါင်းပါဝင် တာဖြစ်တယ်လို့ ကဗျာဆရာ စောဝေက ပြောပါတယ်။

CDM ဝန်ထမ်းတွေကို နောက်မှာ ပြည်သူတွေတစ်ရပ်လုံးက အားပေးထောက်ခံ လေးစားဂုဏ်ပြုနေတယ် ဆိုတာ သိစေချင်လို့ အခုလို ပူးပေါင်းပါဝင်လာတာလို့ ပန်းချီထိန်းလင်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org