ကုလအထူးအကြံပေးနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
ဗီဂျေ နမ်ဘီးယားဟာ မေလ ၁၁ ရက် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ် ရိပ်သာလမ်းက သူမရဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။
-
2011-05-13 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး အရာရှိ ဗီဂျေ နမ်ဘီးယားဟာ မေလ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မေလ ၁၁ ရက် ညနေပိုင်းမှာတော့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ် ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အထူးအကြံပေး အရာရှိ ဗီဂျေ နမ်ဘီးယားတို့ဟာ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြား ခဲ့ကြပါတယ်။