အိုးဘိုထောင်တွင်း အောင်သပြေရွာသားသေဆုံးမှု

ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုတဲ့အတွက် ဖမ်းဆီးခံရတဲ့ အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း အိုးဘို အကျဉ်းထောင်မှာ သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။

mdy-622.jpg

 

■ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှာ ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြတောင်းဆိုတဲ့အတွက် ဖမ်းဆီးခံရသူတွေထဲက အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်းဟာ အဖမ်းခံရပြီး သုံးရက်အကြာမှာပဲ အိုးဘို အကျဉ်းထောင်မှာ သေဆုံးခဲ့ပါတယ်။

လက်ရှိမှာတော့ ကိုထွန်းမြင့်ဝင်းလို အဖမ်းခံရမှာကို အောင်သပြေ ရွာသူရွာသားတွေ စိုးရိမ်နေကြပါတယ်။

ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန် ဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေတဲ့အကြောင်း RFA သတင်းထောက် မခေမဏီဝင်းက တင်ပြထားပါတယ်။

(ရိုက်ကူး/တင်ဆက် - ခေမဏီဝင်း/RFA)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org