တံတားနာမည်ကိစ္စ မွန်ပြည်နယ်ဝန်ကြီးချုပ်
2017.03.24
မော်လမြိုင်-ချောင်းဆုံတံတားကို "ဗိုလ်ချုပ်အောင်ဆန်းတံတား" လို့ နာမည်ပေးရတာဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရှင်သန်စေချင်တာကြောင့် နိုင်ငံရေးအရ ပေးတာဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီနေ့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။